New Mindat Diocese

မင်းတပ်သာသနာ

……………………………..

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်

ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်အရှင်သူမြတ် သည်

မြန်မာနိုင်ငံရှိ မင်းတပ်သာသနာ (Mindat Diocese) အသစ်တည်ထောင်ခဲ့ပြီး၊ ဟားခါးသာသနာမှ (Hakha Diocese) နယ်မြေအချို့ကို ခွဲထုတ်ကာ

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ လက်အောက်ခံ သာသနာသစ် တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ဟားခါးသာသနာမှ ဘုန်းတော်ကြီး Augustine Thang Zawm Hung အား မင်းတပ်သာသနာသစ်၏ ပထမဆုံးသော သာသနာပိုင် ဆရာတော်အဖြစ် ခန့်အပ်ခဲ့သည်။

ဘုန်းတော်ကြီး Augustine Thang Zawm Hung သည် ယခင်က ဟားခါးသာသနာတွင် ဘာသာရေးဆိုင်ရာစာပေများကို ဒေသန္တရ ဘာသာစကားသို့ ဘာသာပြန်ဆိုရန် တာဝန်ယူခဲ့သူဖြစ်ပြီး၊

မင်းတပ်မြို့ရှိ Sacred Heart ရွှေနှလုံးတော်ဘုရားကျောင်း၏ ဘုန်းတော်ကြီးလည်း ဖြစ်ခဲ့သည်။

မင်းတပ်သာသနာသည် ချင်းပြည်နယ် တောင်ပိုင်းရှိ မင်းတပ်ခရိုင်တွင် တည်ရှိပြီး၊ မကွေးတိုင်းဒေသရှိ နေရာတစ်ချို့လည်း ပါဝင်သည်။

ဆရာတော်ဘုရား၏ ရုံးစိုက်ရာနှင့် မင်းတပ်သာသနာ၏ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦများသည် မင်းတပ်မြို့တွင်တည်ရှိပြီး မင်းတပ်မြို့ရှိ *Most Sacred Heart of Jesus) ယေဇူး၏ရွှေနှလုံးတော် ဘုရားကျောင်းသည် သာသနာသစ်၏ ပင်မဘုရားကျောင်း (Cathedral) အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

မင်းတပ်သာသနာသည် စတုရန်းမိုင် ၆,၆၂၃.၉ (၁၇,၁၅၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး၊ လူဦးရေ စုစုပေါင်း ၃၅၈,၈၆၆ ဦးရှိသည်။ ကက်သလစ်ဘာသာဝင်ပေါင်း ၁၄,၃၉၄ ဦးရှိပြီး၊ လူဦးရေစုစုပေါင်း၏ ၄ ရာခိုင်နှုန်းခန့်ဖြစ်သည်။

မင်းတပ်သာသနာတွင် (Parish Churches ) ဘုန်းတော်ကြီးများရှိသော ဘုရားကျောင်း ၂၃ ကျောင်းရှိပြီး၊ ဘုန်းတော်ကြီးများ ၄၈ ပါး၊ နှင့် Religious ခေါ် သာသနာပြုအသင်းဂိုဏ်းများမှ ရဟန်းတော်များ၊ သီလရှင် စစ္စတာများလည်းရှိသည်။

မင်းတပ်သာသနာတွင် ရဟန်းဖြစ်ကျောင်းသား ၄၀ ဦး၊ ဒဿနိကဗေဒ (Philosophy) နှင့် ဓမ္မပညာ (Theology) ဆည်းပူးနေသူ ရဟန်းလောင်း ၇ပါး နှင့် ၇၉ ဦးသော ဘာသာရေး ဓမ္မဆရာများလည်း ရှိသည်။

ဆီလျော်အောင်ဘာသာပြန်ဆိုထားပါသည်။

………………………………………………………………………….

Leave a Reply

Your email address will not be published. Required fields are marked *